အယ်လ်လွန်းဝါက ဇွန်လအကုန် လောက်မှာ အမေရိကကို နှစ်လကြာဖျော် ဖြေရေးသွားမှာဖြစ်ပါတယ်။ ၁ဝ မြို့နဲ့ ၁၅ မြို့လောက်ဖျော်ဖြေရမှာဖြစ်ပြီး၊ ပွဲအနေနဲ့က လည်း အနည်းဆုံး ၁၅ ပွဲလောက် ဖျော်ဖြေ ရမှာဖြစ်ကြောင်းသိရပါတယ်။
အဆိုပါဖျော် ဖြေပွဲနဲ့ ပတ်သက်ပြီး အယ်လ်လွန်းဝါက…”သွားမှာက လေးဇီးကလပ်တီးဝိုင်းနဲ့ သွားမှာပါ။ လေးဇီးကလပ် နဲ့ကျတော့ သီချင်း က အထူးတလည်တော့ တိုက်စရာမလိုတော့ ဘူး။ အစ်ကို့သီချင်းတွေက လေးဇီးကလပ်နဲ့ ပဲ တီး ထားတာများတယ်လေ။ ပရိသတ် သိပြီးသား သီချင်းတွေကိုပဲ အဓိကဆိုဖြစ်မှာပါ”လို့ ပြောပါတယ်။ အမေရိကမှာ အမ်တီဗီ ပုံစံ လေးတွေလည်း နည်းနည်းပါးပါးရိုက်ခဲ့ဖို့ စဉ်းစားထားပြီး အမေရိကက ပြန်လာတာ နဲ့ အိပ်မက်ဝတ်စုံ ဗီစီဒီတန်းထွက်မှာဖြစ်ကြောင်း အယ်လ်လွန်းဝါကပြောပါတယ်။
Author : လင်းအက္ခရာ
Source : Popularmyanmarnews