နန်းဆုရတီစိုးက ပါရမီရှင်အဖွဲ့နဲ့ ဖိုးချစ်နှစ်ပါးသွားကဖို့နဲ့ ဇာတ်ကားနှစ်ကားရိုက်ဖို့အတွက် ဇူလိုင်လထဲမှာ စင်ကာပူကိုသွားမှာ ဖြစ်ပြီး၊ စင်ကာပူမှာ တစ်လလောက်နေဖြစ်မယ်လို့ ပြောပါတယ်။ပြည်ပခရီးစဉ်တွေရှိတဲ့အတွက် ဗီဒီယိုတွေနဲ့ ကြော်ငြာတွေ ရိုက်ဖို့ ကမ်း လှမ်းတာထားမှုတွေကို ငြင်းခဲ့ရတယ်လို့ ပြောတဲ့ နန်းဆုရတီစိုး က ခုလို အကြာကြီး ခရီးမသွားဖူးတဲ့ အတွက် အားလုံး ကိုလွမ်းနေ မှာပါလို့ ဆိုပါတယ်။
တစ်ခါမှ တစ်လလောက် လည်း မခွဲဖူးဘူး။ ဒါပြီးရင် အမေရိကကို တစ်လခွဲထပ် သွားရဦးမယ်။ ပြီးသွားရင် အလန်းဇယားနဲ့ ဖူးခက်ကို နောက်ထပ်တစ်လ သွားရမယ်။ တောက်လျှောက်ကြီးဆိုတော့ အဲဒီ လောက် အကြာကြီး ဆက်တိုက် လည်း မခွဲဖူးတော့ အိမ်ကိုလည်း လွမ်းမယ်။ ပရိသတ် တွေကိုလည်း လွမ်းမယ်။ မြန်မာနိုင်ငံကိုလည်း လွမ်းမှာပါ” လို့ပြောပါတယ်။ အမေရိကကို သွားမှာက ရှိုးဆိုဖို့ သက်သက် ပဲလို့ ပြောတဲ့ နန်းဆုရတီ စိုးက…”နန်းဆုကို အမေရိကမှာ သီချင်းဆိုဖို့ ၁ဝ ပွဲခေါ်တာ။ နန်းဆုက အလန်းဇယား ရိုက်ရမှာမို့လို ၇ပွဲတော့ ဆို ပေးမယ် ဆိုပြီး ၇ပွဲပဲ ဆိုဖြစ် တာပါ။ အမှန်တကယ် ဆိုရင် ၁ဝ ပွဲဆိုရင်နောက် ထပ် ၃ပတ်ထပ်နေရမှာ ပေါ့။ အလန်းဇယားနဲ့ ငြိနေတယ်။ ၇ ပွဲဆိုပေး မယ်ဆိုပြီး ညှိတာအဆင် ပြေတယ်။ အဲဒီ့အတွက် သွားဖြစ်မှာပါ”လို့ ပြောပါ တယ်။

Author : လင်းအက္ခရာ
Source : Popularmyanmarnews