ဒီလိုညတိုင်း..ငါနဲ့မင်း အတူ ဆုံခွင့်ရှိရင် အတိုင်းထက် အလွန်ပဲ .. ငါ့အတွက်တော့.....
‘အတိုင်းထက်အလွန်’ သီချင်း ထဲက ပရိသတ် နှုတ်ဖျားမှာ စွဲခဲ့တဲ့ စာသားလေးတွေပါ။ ပထမဆုံး တစ် ကိုယ်တော်အခွေ ‘အတိုင်းထက် အလွန်’ မှာပဲ အောင်မြင်မှုတွေ သိမ်း ပိုက်သွားခဲ့သူ မြစ်ကြီးနားမြို့သား ကချင်တိုင်းရင်းသားလေး နောနော် နဲ့ ‘တစ်ခါတုန်းက‘ သီချင်းကို ရသ နဲ့ တွဲဖက်သီဆိုပြီး ပရိသတ်အား ပေးမှုရခဲ့သူ နောနော်တို့ကို ၈ နှစ် ပြည့် ရတီအထူးထုတ်ရဲ့ မျက်နှာဖုံး ရှင်များအဖြစ်ပုံရိပ်ထင်စေခဲ့ပါတယ်။

အလုံလမ်းမှာရှိတဲ့ My Garden Restaurant မှာ ရိုက်ကွင်း တည်ခဲ့ပြီး ဓာတ်ပုံများကို အကောင်း ဆုံးဖြစ်အောင် ရိုက်ကူးပေးသူက ဓာတ်ပုံ အေးဇော်မိုး(စက်မှု) ဖြစ်ပါ တယ်။ အိုက်တင်လုပ်ရတာ ခက် တယ်၊ သီချင်းဆိုရတာပဲ ကြိုက် တယ် ဆိုတဲ့ နောနော်က ဂျင်းနီနဲ့ အတူ ပီပီပြင်ပြင် သရုပ်ဆောင်ပေး တဲ့အတွက် အဆိုတော် ၂ ဦးစလုံး ကိုရော၊Mg Garden မှ တာဝန်ရှိ သူများ၊ ဓာတ်ပုံဆရာ အေးဇော်မိုး (စက်မှု)တို့ကို ရတီအယ်ဒီတာ အဖွဲ့ က ကျေးဇူးစကားအထူးဆိုရင်း ၈ နှစ်ပြည့် စာမျက်နှာများကို ဖွင့်လှစ် ပေးလိုက်ရပါတယ်။
အခုနောက်ဆုံးထွက်ထားတဲ့ အိပ်မက်ထဲကလူ အခွေနဲ့ ပတ်သက် ပြီး ပရိသတ်ရဲ့တုံ့ပြန်မှုကို ပြောပါဦး။
ပရိုဂျူဆာကတော့ ကောင်း တယ်လို့ ပြောပါတယ်။
ဒီအခွေက တတိယမြောက် နော်။ တစ်ခွေနဲ့တစ်ခွေကြားမှာ ဘယ် လောက်ခြားပြီး ထွက်ဖို့စိတ်ကူး တာလဲ။
အခွေကို တစ်နှစ်တစ်ခွေ လောက်တော့ ထွက်နိုင်အောင် ကြိုး စားတယ်။ သိပ်အလှမ်းဝေး ရင် ပရိ သတ်နဲ့ ဝေးသွားမှာစိုးလို့လေ။ သီချင်းတွေကိုတော့ စိတ်ပါတဲ့အခါ မှ ဆိုဖြစ်တယ်။
နောနော်ရဲ့ ထွက်ပြီးခဲ့တဲ့ အခွေ တွေကို ခုနှစ်အလိုက် ပြောပါဦး။
၂ဝဝ၆ ခုနှစ်မှာ အတိုင်းထက် အလွန်၊ ၂ဝဝ၈ ခုနှစ်မှာ အကန့် အသတ်မရှိ၊ ၂ဝ၁ဝ မှာ အိပ်မက် ထဲကလူ။
စီးရီး title တွေကို ကိုယ့် idea နဲ့ပဲ ပေးတာလား။
ကျွန်တော်တို့ Blaze Band တစ်ဖွဲ့လုံး တိုင်ပင်ကြတယ်။ တိုင်ပင် ပြီးမှပေးဖြစ်ကြပါတယ်။
Blaze ရဲ့ သက်တမ်းက ဘယ် အချိန်ကစပြီး ဖွဲ့စည်းခဲ့တာလဲ။
ကျွန်တော် ၁ဝ တန်းအောင်ပြီး တော့ ဝါသနာအရ ခင်မင်တဲ့သူတွေ စုစည်းပြီး တီးကြ၊ ဆိုကြတယ်။ အဲဒီ ကစပြီး ဖြစ်လာတာ၊ တဖြည်း ဖြည်း ကြိုးစားလာကြရင်းနဲ့ အခုလိုဖြစ် လာကြတာပါ။ ကျွန်တော်တို့ အဖွဲ့ မှာ တိုင်းရင်းသားများတယ်။ အစ ပိုင်းမှာတော့ အားနည်းချက်တွေ အားသာချက်တွေနဲ့ လူတွေအ ပြောင်း အလဲများ ခဲ့တာပေါ့။ ကျွန် တော်အခွေထွက်ပြီး နောက်ပိုင်းမှBlaze က ပိုပြီး တည်ငြိမ်လာခဲ့တာ။ လူအပြောင်း အလဲလည်း မရှိတော့ ဘူး။ အခုအခြေအနေက ကျွန်တော် စိတ် တိုင်းကျတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။
ကိုယ့်ရဲ့ဆန္ဒက Blaze တီးဝိုင်း တစ်ခုတည်းနဲ့ပဲ ဆိုချင်တာလား။ တီးဝိုင်းတွေ ပြောင်းလဲပြီးဆိုရတဲ့ အ ပေါ်မှာရော ကိုယ့်ရဲ့ ခံစားမှုက ဘယ် လိုရှိလဲ။
ဖြစ်နိုင်ရင်တော့ ကျွန်တော့် တီးဝိုင်းနဲ့ပဲ ကျွန်တော် ဆိုချင်တာ ပေါ့။ ဒါပေမဲ့ တချို့ ကျွန်တော်နဲ့ အဆင်ပြေတဲ့တီးဝိုင်းတွေနဲ့လည်း လိုက်ဆိုတာ ရှိပါတယ်။ တခြားတီး ဝိုင်းတွေက လည်း အမြဲတမ်း အ ကောင်းဆုံး ကြိုးစားပြီးတီး ပေး ကြပါတယ်။ အားလုံးကတော့ အဆင်ပြေတယ်။
အဆိုတော်တစ်ယောက်မှာ ကိုယ်ပိုင်တီးဝိုင်း တစ်ခုရှိနေတာဟာ ကိုယ့်အတွက် အားတစ်ခုဖြစ်တယ် လို့ ထင်ပါတယ်။
ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့ အဖွဲ့သားတွေဟာ ကျွန်တော့်ရဲ့ အင် အားတွေပါပဲ။
ထွက်ပြီးသမျှအခွေ ၃ ခွေမှာ အဆိုတော် တစ်ယောက်အနေနဲ့ ဘယ်အခွေကို အားအရဆုံးလဲ။
သစ်ပင်ပန်းပင်စိုက်သလိုမျိုး ပေါ့။ ကိုယ်စိုက်တဲ့ သစ်ပင်ကို အ ကောင်းဆုံး လှလှပပရှင်သန်စေချင် တယ်။ ကျွန်တော့်အနေနဲ့ သုံးခွေ စလုံးကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင် တီးဆိုခဲ့တယ်ဆိုတော့ အားလုံး ကြိုက်ပါတယ်။
နောနော်က စကားနည်းတဲ့ သူတစ်ယောက်နော်။ အပြင်မှာ မပြော ဖြစ်တဲ့ စကားတွေကို သီချင်းစာသား တွေအဖြစ် ပြောင်းလဲလိုက်တာလား။
စကားသိပ်မပြောဖြစ်ဘဲ သီချင်းတွေ ဖြစ်သွားတာလည်း ဖြစ် နိုင်ပါတယ်(ရယ်လျက်)။ ဘယ်လို အခြေအနေမှာ သီချင်းရေးမယ်လို့ ရွေးချယ် ထားတာမျိုးမရှိဘဲ ခံစား ချက်အတိုင်းပဲရေးဖြစ်ပါတယ်။ ရှင်း ရှင်းပြောရရင် ကျွန်တော်က စာ သား အားနည်းပါတယ်။ ကျွန်တော် က သီချင်းတွေဘာတွေသိပ် ရွေး ချယ်နေတာမျိုး မရှိပါဘူး။ အချစ် သီချင်းပဲဖြစ်ဖြစ်၊ ဘဝသီချင်းပဲဖြစ် ဖြစ်၊ ကျွန်တော့် စိတ်ထဲမှာ ကြိုက် တယ်၊ ခံစားလို့ရတယ်ဆိုရင် ဆိုတာ ပါပဲ။
ကိုယ့်သီချင်းတွေကို ခဏခဏ နားထောင် ဖြစ်တဲ့ သူမျိုးလား။
ကျွန်တော်က ကိုယ့်သီချင်း ကိုယ်သိပ်နားမထောင်ဘူးဗျ (ရယ် လျက်)။ ဒါပေမဲ့ သီချင်းတိုက်ခါနီး ရင်တော့ သေချာဂရုစိုက်ပြီး တိုက် တယ်။ ဆိုပါတယ်။
အများဆုံး နားထောင်ဖြစ်တာက
နိုင်ငံတကာက သီချင်းတွေပါ။ ကျွန်တော်က နားထောင်ရတာ ပို ကြိုက်ပါတယ်။
ကိုယ့်သီချင်းတွေကို ဗီစီဒီ ရိုက်တဲ့အခါ ကိုယ့်ရဲ့ idea အတိုင်း ရိုက်တာလား။
ဒါရိုက်တာသွားတဲ့အတိုင်း လက်ခံတာများတယ်။ သူတို့ ရိုက် တာကလည်း အဆင်ပြေနေတော့ လေ။ သိပ်ပြောစရာမရှိတော့ ဒါရိုက် တာ စကားနားထောင်တာများ တယ်။
အိပ်မက်ထဲက လူအတွက် ဗီစီဒီရိုက်ပြီးပြီလား။ ကိုယ်တိုင် သရုပ်ဆောင်တာများမလား။
ရိုက်နေဆဲပါ။ ဗီစီဒီမှာ တခြား သရုပ်ဆောင်တွေ ပိုများပါလိမ့်မယ်။ တီးဝိုင်းနဲ့ အဖွဲ့လိုက် ပါဝင်တာမျိုး မှာပဲ ကျွန်တော်ပါမှာပါ။
ကိုယ်တိုင်သရုပ်ဆောင်ရတာ ကို ရော သဘောကျလား။
သရုပ်ဆောင်ရတာ လုံးဝ ဝါသနာမပါပါဘူး။ အဲဒီအပိုင်းကို အားမသန်လို့ပါ။
နောက်တစ်ခွေအတွက်ရော ပြင်ဆင်နေပြီလား။
ဟုတ်ကဲ့။ ကျွန်တော်သီချင်း တွေ စုနေပါပြီ။ သီချင်းတွေက ပရိသတ်တွေအတွက် အသစ်ဖြစ် အောင် Music ပုံစံတွေ အတတ်နိုင် ဆုံးကွဲအောင် ကြိုးစားနေပါတယ်။
ပရိသတ်က ကိုယ့်ကို လက်ခံ တဲ့အနေအထားဟာ ကိုယ့်အတွက် ကျေနပ်လောက်တဲ့ အနေအထားမျိုး လား။
ကျွန်တော့်တီးဝိုင်းနဲ့ သီချင်း တွေရေးနေ၊ ဆိုနေ၊ တီးနေရရင် ကျေနပ်နေတာပါပဲ။ ကိုယ် ဝါသနာ ပါတဲ့ အလုပ်အပေါ် ပရိသတ်တွေ အားပေးကြတာကို အရမ်းကို ဝမ်း သာမိပါတယ်။
Show တွေ ဆိုရတာရော နှစ် သက်တဲ့သူမျိုးလား။
ကျွန်တော်က ဂီတကို ချစ် တယ်။ ဒါကြောင့် သီချင်းကို ဘယ် နေရာမှာပဲဆိုရရ ပျော်တာပါပဲ။
ဂီတကို ဝါသနာပါတယ်လို့ သိလာတာရော ဘယ်အရွယ်မှာပါလဲ။
၅ တန်း၊ ၆ တန်းလောက်မှာ ပါ။ သီချင်းတွေ ကြားရင် လိုက်ဆို ချင်တာကို မြောက်ကြွမြောက်ကြွ ဖြစ်လာတာတို့(ရယ်လျက်)။ အဲလို မျိုးပေါ့။ ကြာလေလေ၊ ပိုဆိုးလေ လေပဲ။ ငယ်ငယ်တုန်းကတော့ လေ ယာဉ်မောင်းချင် စိတ်ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အရွယ်ရောက် လာတော့ ဂီတကိုပဲ တကယ်ဝါသနာပါမှန်းသိ လာတယ်။ အဆို တော် ဖြစ်ဖို့လုပ် တာတော့ မဟုတ်ပါဘူး။ ဒီလိုပဲ ကိုယ့်ဘာသာဆိုမယ်။ တီးမယ်ဆို တာမျိုးပါ။ အဆိုတော်က ရည်မှန်း မထားဘဲ ဖြစ်လာတာ။ ဂီတကိုပဲ တစိုက်မတ်မတ် လုပ် ချင်တဲ့ စိတ် ကြောင့်ပါ။ အခုဆို ပိုဆိုးသွားပြီ။
ဒါဆို ကိုယ့်ရဲ့ အချစ်ဆုံး ချစ်သူ က ဂီတပဲပေါ့။
အမှန်ပါပဲ။
ဂီတမဟုတ်တဲ့ သက်ရှိချစ်သူ တစ်ယောက် ဆိုရင် ဝါသနာတူတဲ့ သူဆိုရင် ကိုယ့်အတွက် ပိုပျော်စရာ ကောင်းမလား။
ဝါသနာတူတာ မတူတာထက် စာရင် စိတ်ဓာတ်က ပိုအရေးကြီး ပါတယ်။ ကျွန်တော်က အချစ်နဲ့ နား လည်မှုကိုပဲ ပိုလိုချင်သူပါ။
နောနော်ရဲ့ ချစ်သူကို ဘယ်လို ပုံစံနဲ့ ရွေးချယ်ထားတာလဲ။
ဦးနှောက်နဲ့ရော နှလုံးသား နဲ့ရော နှစ်ခုစလုံးနဲ့ ရွေးချယ်တာပါ။ ဒါပေမဲ့ ပထမဦးစားပေးတာ နှလုံး သား၊ နှလုံးသားပြီးမှ ဦးနှောက်။
ဘယ်အသက်အရွယ်မှာ အိမ် ထောင်တစ်ခုကို တည်ထောင်ဖို့စိတ် ကူးထားလဲ။
နောက်ထပ် ၂ နှစ်လောက်မှာ တော့ စဖြစ် မယ်ထင်တယ်။ နား လည်မှု၊ သစ္စာရှိမှုနဲ့ အိမ်ထောင် တစ်ခုပေါ့။
၇ နှစ်ပြည့် ရတီမှာ နောနော်ရဲ့ ပရိသတ်အတွက် အမှတ်တရ တစ်ခုခုပြောပေးပါဦး။
ပရိသတ်တွေ လိုရာဆန္ဒ ပြည့် ကြပါစေ။ ဘုရားသခင် ကောင်းချီး ပေးပါစေလို့….
ဣန္ဒြာကျော်
ဂျင်းနီသီချင်းဆိုတာ ဘယ် နှစ်နှစ်ရှိပြီလဲ။ ဂျင်းနီနဲ့တန်းတူတွေ တစ်ကိုယ်တော်ခွေထွက်လာကြပေမယ့် ဂျင်းနီက ပြင်ဆင်မှုနောက်ကျနေ တာလား။
၂ဝဝ၄ကတည်းက စခဲ့တာ ဆိုတော့ ၇ နှစ်ရှိပါပြီ။ ဆယ်တန်း အောင်တဲ့နှစ်ပေါ့။ အခုထိတော့ တစ်ကိုယ်တော်အခွေမထွက်ရသေးပါ ဘူး။ ကျောင်းပြီးအောင်တက်နေရ တာရယ်၊ တခြားအလုပ်ကလေးတွေ လည်း လုပ်ရသေးလို့ပါ။ မကြာခင် တော့ ထွက်လာမှာပါ။
တစ်ကိုယ်တော်ခွေထွက်လာ ရင်ရော Pop သီချင်းတွေပဲဖြစ်မှာ လား။ အသံကို guide လုပ်ပေးတဲ့ ဆရာရော ရှိလား။
Pop တော့များပါတယ်။ ဂျင်းနီအသံနဲ့ လိုက်ဖက်တဲ့ဖေဖ တွေလည်း ပါမှာပေါ့။ အသံကို guide လုပ်ပေးတာက တေးရေး ဆရာတွေပဲများပါတယ်။
သက်တမ်း ၇ နှစ်မှာ ပရိသတ် စိတ်ထဲရိုးအီမသွားအောင် သီချင်းဆို ဟန်နဲ့ သီချင်းတွေကို အပြောင်းအလဲ လုပ်ဖြစ်လား။
တစ်ခုနဲ့တစ်ခု မထပ်အောင် တော့ ပရိသတ်ကို ပေးချင်ပါတယ်။ တစ်ခါလာလည်းဒါမျိုး နောက်တစ် ခါလာလည်း ဒါမျိုးတွေပဲဆိုရင် ပရိသတ်ကငြီးငွေ့မှာပေါ့။ ဒါပေမဲ့ ဂျင်းနီအသံနဲ့ လိုက်ဖက်တာကိုပဲ ရွေးရတာပေါ့နော်။
Hip Hop သီချင်းတွေမှာလည်းFeaturing ဆိုပေးတတ်တာက အလုပ်သဘောလား။ Personal တွေကြောင့်လား။
ဂျင်းနီ ဘော်ဒါတွေထဲမှာ Rapper တွေရှိနေတော့ သူတို့နဲ့ အလုပ်တွဲလုပ်ဖြစ်တာပါ။ သူတို့က Featuring ဆိုပေးဖို့ပြောလာရင် မငြင်းချင်ဘူးလေ။ စိတ်ထဲမှာလည်း ခွဲခြားတဲ့စိတ်မရှိတော့ ဂီတသမား မှန်ရင် ဘယ်ဂီတကိုပဲ ဆိုဆို၊ ဂျင်းနီ က လေးစားပြီးသားပါ။
ဂျင်းနီ show ဆိုရင် ပရိသတ် အတောင်းဆိုဆုံးက ဘာသီချင်းဖြစ် မလဲ။
အတွဲခွေတွေထဲက သီချင်း တွေတော်တော်များများ နှစ်သက် ကြပါတယ်။ အခုထိ show တွေ မှာဆိုခိုင်းကြတာကတော့ ‘ကြာပါ တယ်ကွာ’ သီချင်းပေါ့။ ဒီးဒီ (စန္ဒီ မြင့်လွင်) နဲ့ သီချင်းလေ။ ရသနဲ့ ‘တစ်ခါတုန်းက’ သီချင်းကတော့ ဂျင်းနီလို့ အသိအမှတ်ပြုခံရတဲ့ သီချင်းပေါ့နော်။ အဲဒါလည်း တောင်းဆိုကြပါတယ်။
အဆိုတော်တွေကြားမှာ နေရာ လေး တစ်နေရာမြဲနေဖို့ ပညာပိုင်းနဲ့ ဆိုင်လား၊ ပေါင်းသင်းဆက်ဆံရေးနဲ့ ဆိုင်လား၊ ကံတရားနဲ့ဆိုင်လား။
ဂျင်းနီအတွက် အားထုတ်ရ တယ်ဆိုတာ ပညာရယ်လို့ မသတ် မှတ်ပါဘူး။ ပေါင်းသင်း ဆက်ဆံရေး ကောင်းပြီး စိတ်ကြည်ကြည်ထားရင် ကောင်းတာတွေပဲပြန်ရမှာပါ။ အဲဒီ တော့ ပေါင်းသင်းဆက်ဆံရေး ကောင်းဖို့လိုတာပေါ့နော်။ ပညာဆို တာကတော့ အဆိုတော်တိုင်း ပညာ ရှင်တွေပါပဲ။ အောင်မြင်မှုဆိုတာ ကံတရားနဲ့ လည်း ဆိုင်မှာပါ။
ကြော်ငြာတွေလည်း ရိုက်ဖြစ် တယ်နော်။ အဲဒီအပိုင်းကိုရော ဘယ် လိုသဘောထားလဲ။
ကြော်ငြာတွေရိုက်ဖြစ်တာ ကလည်း ကိုယ်နဲ့ကွာဟမှုမရှိတာ တွေရိုက်တာပါ။Cosmetic ဆို လည်း မိန်းကလေးဖြစ်နေတော့ ကွာဟမှုမရှိလို့လက်ခံတယ်။ Stre -psilsတို့လို လည်ချောင်းနာ ပျောက်ဆေးတို့ ဘာတို့ကျတော့ လည်း အဆင်ပြေတယ်လေ။ လာ ငှားကြတဲ့ လူတွေကလည်း ဂျင်းနီက မအပ်စပ်တာတွေ မခိုင်းပါဘူး။ အဲဒီတော့ရိုက်ဖြစ်တာပါ။
ဖက်ရှင်တွေမှာလည်း ခေတ်မီ ပြီးဆန်းသစ်တာလေးတွေ အားထုတ် တာတွေ့ရတယ်။ အဆိုတော်တစ် ယောက်အနေနဲ့ လိုအပ်တယ်ထင် လို့လား။
သီချင်းမဆိုခင်ငယ်ငယ်လေး ကတည်းက ဖက်ရှင်ဝါသနာပါတာ။ ငယ်ငယ်တုန်းက အိမ်မှာဆော့ရင် ဒီဇိုင်နာလုပ်တမ်းဆော့တာ။ အရုပ် လေးတွေကို အင်္ကျီချုပ် ပေးခဲ့တာပေါ့ နော်။ အဲဒါကြောင့် အဆိုတော်ဖြစ် လာတော့လည်း ကိုယ့်ကိုလာကြည့် တဲ့ ပရိသတ်ကို အမြန်ဆန်းသစ် စေချင်တဲ့စိတ်နဲ့ အဝတ်အစားတွေ ထွင် ဝတ်ဖြစ်တယ်။ ဂျင်းနီက ကိုယ့် ဘာသာပဲထွင်တာများတယ်။ အဲဒါမှ ကိုယ့်စိတ်ကြိုက်ဖြစ်တာလေ။
Oversea တွေသွားရင်ရော ဂျင်းနီအတွက် အသိဥာဏ်ထဲမှာ မှတ် မှတ်ထင်ထင်အတုယူစရာဖြစ်လာတာ မျိုးကြုံဖူးလား။
နိုင်ငံခြားခရီးစဉ်တွေသွားရင် အလုပ်ပြီးတာနဲ့ ဝယ်စရာရှိတာဝယ်။ မရောက်ဖူးတဲ့နေရာမှန်သမျှ သွား နေ ကြတာများလို့ Music ပိုင်းကို မလေ့လာဖြစ်တာများတယ်။ အဓိက အချိန်ကြောင့်ပါ။ ဂျင်းနီ က အဲဒီလို oversea သွားလည်း ဝတ်စုံကို ဒီ ကတည်းကစီစဉ် သွားတယ်။ ဂျင်းနီ လေ့လာဖြစ်တာ ကိုရီးယားသွား တုန်းက Handmade တွေ အရမ်း တန်ဖိုးထားတာတွေ့ရတယ်။ ကိုယ် ပိုင်စတိုင်က လုပ်ငန်းတိုင်းမှာ တွေ့ ခဲ့ရတယ်။ အဲဒါကို ဂျင်းနီတော် တော်သဘောကျလို့ အတုယူပါ တယ်။
ကဲ . . . အချစ်ရေး ပြောပါဦး။ ဂျင်းနီက အချစ်ဆိုတာကို ဘယ်လို ခံယူထားလဲ။
ဂျင်းနီရဲ့ အချစ်ရေးက အခု အချိန်မှာတော့ ok၊ စိုပြေလေ။ မြင်တဲ့အတိုင်းပေါ့နော်(ရယ်လျက်)။ ဂျင်းနီက ကိုယ်ကရဖို့ထက် ပေးဆပ် ရတာက ပိုကျေနပ်စရာကောင်း တယ်။ သူများစိတ်ချမ်းသာအောင် တွေးပေးတာများတယ်။ အချစ်ဆို တာကတော့ အဓိကချစ်နေတာပဲ ကောင်းတယ်။
တစ်ဦးတည်းသော သားသမီး တွေက သူများနဲ့ယှဉ်ရင် ဖြစ်ချင်တာ၊ လိုချင်တာပိုများတတ်တယ်လို့ အများ စုကပြောတတ်ကြတော့ ဂျင်းနီဘယ် လိုသုံးသပ်မိလဲ။
ဂျင်းနီက တစ်ဦးတည်းသော သမီး ဖြစ်ပေမယ့် အတ္တမကြီးပါဘူး။ ခင်တွယ်တတ်ပါတယ်။ အဖော်မင် တာလည်းပါတာပေါ့။ အဲဒီအပေါ် မှာမှ အရမ်းလည်း အနစ်နာမခံ၊ အနိုင်လည်း မကျင့်တတ်တဲ့စရိုက်ရှိ တယ်။ အရာရာကို မှန်လိုပဲမြင်တတ် တာကောင်းပါတယ်။ ကိုယ်ကချစ်ရ သလို၊ ကိုယ့်ကို တကယ်ပြန်ချစ်တာ ပဲ လိုချင်ပါတယ်။
ဘဝလက်တွဲဖော်ရွေးကြတဲ့ အခါဝါသနာတူတယ်ဆိုရင်၊ စိတ်တူ ကိုယ်တူဖြစ်ဖို့ ပိုနီးစပ်ပြီးပျော်စရာ ပိုကောင်းနိုင်လား။
အခုထိတော့ ကျေနပ်စရာ ကောင်းတဲ့ အချစ်ရေးပါ။ စိတ်တူ ကိုယ်တူဖို့ဆိုတာ ဝါသနာတူတာ၊ မတူတာနဲ့မဆိုင်ဘဲ အပြန်အလှန် နားလည်မှုနဲ့ ကိုယ်ချင်းစာတရားရှိ နေဖို့သာ အဓိကလို့မြင်ပါတယ်။
ဂျင်းနီက အနိုင်ယူခွင့်ရတာများ လား။ အလျှော့ပေးရတာများလား။ ချစ်သူနှစ်ဦးကြားမှာ ပြဿနာရှိလာ ရင် ဘယ်လောက်အချိန်ယူဖြေရှင်း တတ်လဲ။
အတိုင်းအတာဆိုတာက တော့ ရှိနေတာပေါ့။ ဂျင်းနီက အရမ်းနူးညံ့တဲ့စိတ်ရှိသလို အရမ်း ပြတ်သားတဲ့စိတ်လည်းရှိတတ်တော့ ဘာကိစ္စမဆို အဆုံးစွန်သည်းခံပါ တယ်။ လုံးဝမရတော့မှ လှည့်မကြည့် တာမျိုးလေ။ အခုလောလောဆယ် အားလုံးအေးဆေးပါပဲ။
နွေးနွေးစစ်အောင်
Source : Yatimagazine