Family Fashion

ဒီတစ်လရဲ့Family Fashion စာမျက်နှာမှာတော့ ပျော်စရာကောင်းတဲ့ မိသားစုလေး တစ်ခု ရောက်လာပါတယ်။ သူတို့ကတော့ အဆိုတော် အဲလက်စ်၊ ဇနီးမအိ(ခ) ခင်အိအိ ခင် သမီးခင်ဆင့်သူနဲ့ သားသားကောင်းဆင့်သူတို့ အမွှာလေးပဲ ဖြစ်ပါတယ်။ 


မအားတဲ့ အချိန်တွေထဲက ရတီအတွက် အချိန်တစ်ခု ပေးခဲ့တဲ့ ကိုအဲလက်စ်၊ ရတီရဲ့ ဆန္ဒ အတိုင်းထက်တူညီအောင်ဖက်ရှင် ဒီဇိုင်းတွေနဲ့ ကြိုးစားပေးတဲ့ဇနီးသည် မအိ၊ နေမကောင်းပေမယ့် စိတ်မ ကောက်ဂျီမကျတတ်ပဲ ကြိုးစား အိုက်တင်လုပ်ပေးတဲ့ သမီးလေးခင်ဆင့်သူ၊ ရိုက်ကူးရေးတစ်လျောက်လုံး အိုက်တင်ပုံစံအမျိုးမျိုးနဲ့ပွဲထိန်း ပေး သွားတဲ့ သားသားကောင်းဆင့်သူကို အဲလက်စ်တို့မိသားစု ပျော်ရွှင်နေမှုကို ကြည့်ပြီး အားကျကြည်နူးနေတဲ့ ဓာတ်ပုံဆရာလူပျိုကြီး အေးဇော်မိုး (စက်မှု) ရတီရဲ့ ဒီကဏ္ဍလေးကို အားပေးကြသော ပရိသတ်များကို အထူးကျေးဇူးတင်မိပါတယ်။

အိမ်ထောင်ဦးစီးရဲ့ ဖက်ရှင်အမြင်
အခုလို မိသားစုလိုက် အင်္ကျီ ဆင်တူလေးတွေဝတ်ပြီး ရိုက်ရတာကတော့ ပျော်ပါတယ်။ အမှန်အတိုင်း ပြောရရင် ဓာတ်ပုံအရိုက်ခံရ တာတော့ ဝါသနာတော့မပါဘူး။ ကိုယ့်အနေနဲ့ ဖက်ရှင်ဆိုရင်တော့ စီးရီးခွေအတွက် ရိုက်တာတို့၊ တစ်ခုခု Theme တွက်ရိုက်ရမယ့်ဟာမျိုးဆို ရင်တော့ အဲဒီအ တွက် အဝတ်အစားကို အချိန်ပေးပြီးတော့ လုပ်လိုက်တာမျိုးရှိတယ်။ ကျန်တဲ့အချိန်ကတော့ ဝါသနာမပါတဲ့အတွက် မလုပ်ဖြစ်ပါဘူးလို့ သူ့ရင်ထဲက စကားကို ပွင့်လင်းစွာဖွင့်ဟခဲ့ပါတယ်။ ဒါအပြင် သီချင်းတွေဆိုတဲ့အခါ စင်ပေါ်မှာ ဝတ်ဆင်ဖို့အတွက်ရော ဘယ်လိုပြင်ဆင်လဲဆိုတော့ ကျွန် တော့်အ နေနဲ့ အဝတ်အစားက မဝယ်ဘူး မဟုတ်ဘူးဝယ်တယ်၊ ပြင်ဆင်တယ် ဒီပွဲတော့ ဒါလေးဝတ်မယ်ပေါ့။ နောက်ပွဲသွားခါနီး ဝတ်လိုက်လို့ရှိရင် နောက် စိတ်က တင်းကျပ်သလို၊ လွတ်လပ်မှုမရှိသလို ခံစားရတော့ ရှိတဲ့အဟောင်းတွေထဲက လွတ်လွတ်လပ်လပ် ကောက်စွတ်ပြီး ဝတ်လိုက်တယ်လို့ ရယ်မောစွာနဲ့ ဖွင့်ဟခဲ့ပါတယ်။ မကြာခင်မှာ one man Show ထပ်လုပ်ဖို့ရှိတော့ အဲဒီအတွက် ဖက်ရှင်ပိုင်းကို စဉ်းစား ဖြစ်ထားလားလို့ မေးတဲ့အခါမှာ သူ့ အတွက်တော့ အဝတ်အစားက သိပ်အရေးမပါဘူး။ အဓိကက သီချင်း၊ ဂီတနဲ့  Stage Design ပါပဲလို့ ရိုးသားစွာပြောပြခဲ့ပါတယ်။ သားသမီး တွေရဲ့ အဝတ်စားပိုင်းနဲ့ ပတ်သက်လို့ ဖက်ရှင်ဖြစ်အောင်ဝတ်ဖို့ မပြောပေမယ့် ကျန်းမာရေးအတွက်၊ ရာသီဥတုနဲ့အလိုက် ဝတ်ဆင်ဖို့တော့ အမြဲဂရု စိုက်ပြောတတ်တဲ့ မိဘတစ်ယောက်ပါ။ ဖက်ရှင်ကို စိတ်မဝင်စားပေမယ့် ဖက်ရှင်ကျကျနဲ့ မိသားစုလိုက်ဝတ်ပြီး သွားလာရရင် စိတ်ချမ်းသာတယ်၊ ပျော်နေတတ်တဲ့ သူပါပဲ။
အိမ်ရှင်မ မိခင်ရဲ့ဖက်ရှင်အမြင်
ဒီနေ့မှာက အပျို၊ အိမ်ထောင်ရှင်၊ ဘယ်လိုအရွယ် ဘယ်ပုံရယ်မှ မဟုတ်ပါဘူး။ သူ့အရွယ်သူ့ပုံစံ အလိုက်လိုက်ဖက်မှု ဖက်ရှင်လေး တွကို ဝတ်ဆင် ရတာကလဲ ယုံကြည်ချက်တစ်ခုပါ။ သည်လိုပါပဲ အဲလက်စ်ရဲ့ ချစ်ဇနီးမအိ(ခ) ခက်အိအိခင်ကလည်း ဖက်ရှင်အလှအပကို မက်မောတတ်တဲ့ အမျိုး သမီးပါပဲ။ သူမဟာ သူကိုယ်၌လည်း လိုက်ဖက်လှပအောင် ဝတ်ဆင်တတ်သလို၊ သူ့ရဲ့အိမ်ထောင်ဖက်နဲ့ သားသမီးများအတွက်လည်း အမြဲ ဦးစား ပေးစဉ်းစားတတ်သူပါ။ သားနဲ့သမီး ၃ နှစ် အရွယ်လောက်က စတင်ပြီး မိသား စုဖက်ရှင်ဆင်တူလေးတွေ စဝတ် ဆင်ခဲ့သူပါ။ သူမနဲ့သားသမီးတွေရဲ့ ဝတ်ဆင်မှုပိုင်းနဲ့ပတ်သက်ပြီးတော့ လည်း ”သားက သူကဖက်ရှင်ထက် သူလွတ်လွတ်လပ်လပ် ဝတ်ရတာကို ပဲ ကြိုက်တယ်။ အင်္ကျီသူမကြိုက်ဘူး၊ တီရှပ်ပဲကြိုက်တယ်။ ဘောင်းဘီဆိုရင်လည်း ဇစ်တွေပါတာမျိုး မကြိုက်ဘူး၊ သားရေကြိုးနဲ့ လွယ်လွယ်ကောက်စွတ်လို့ ရတာပဲကြိုက်တယ်။ သူ့အဖေလိုပဲ ဖက်ရှင်ပိုင်းကို စိတ်မဝင်စားဘူး လွတ်လွတ်လပ်လပ် ဝတ်ဆင်ရတာပဲ နှစ်သက်ကြတယ်။  အဲတော့ သူတို့နဲ့အကြိုက်တူအောင် လိုက်အောင်ဆင်ယင်ပေးရတယ်။ သမီးကတော့ အစ်မထက်တောင်ပိုပြီးfashion Idea ရှိတယ်လို့ ပြောပြခဲ့ပါတယ်။ ကလေးတွေက ကျောင်းတက် အရွယ်တွေဆိုတော့ ဒီနေ့ခေတ်ကျောင်းတွေမှာ ပွဲကျင်းပတာတွေ များကြတော့ သားသမီးတွေကို ပွဲနဲ့လိုက်အောင်လည်းဆင်ပေး တတ်တဲ့ မိခင် တစ်ဦးပါ။ ဒါ့အပြင် သူမရဲ့ သမီးကို ငယ်ငယ်ကတည်းက  မြန်မာဝတ်စုံချုပ်ပေး ဆင်မြန်းခဲ့ဖူးတော့ သမီးလေးခင်ဆင့်သူဟာ မြန်မာဝတ်စုံဝတ်ရတာ ကိုလည်း ကြိုက်နှစ်သက်သူပါဆိုတာလည်း သိရပါတယ်။ မှတ်မှတ်ရရအနေနဲ့ သူမငယ်ငယ်က ချုပ်ပေးခဲ့တဲ့ မြန်မာ ဝတ်စုံလေးကို အခုချိန်မှာ မတော် တော့ပေမယ့် သူများကို မပေးရက်ပဲ မြတ်မြတ်နိုးနိုးသိမ်းထားဖူးတယ် ဆိုတာလည်း ပြောပြပါတယ်။ ခေတ်ဖက်ရှင်အနေနဲ့ဆိုရင်တော့ တေလာ ဆွစ်တို့ သူတို့ ကလေးတွေ နှစ်သက် ကြတဲ့အဆိုတွေရဲ့ စတိုင်တို့ ဖက်ရှင် တို့ကို ကြိုက်နှစ်သက်ကြောင်းသိရပါ တယ်။ သူရဲ့ ခင်ပွန်းနဲ့ ပတ်သက်ပြီး ယောက်ျားလေးဖက်ရှင်သိပ်မသိ တော့ ခင်ပွန်းဖြစ်သူ အဲလက်စ်ရဲ့ တီး ဝိုင်းအဖွဲ့က လူငယ်လေးများကို မေး ပြီး ဘာခေတ်စားနေလဲဆိုတာ လေ့ လာကာ ဝတ်ဆင်ပေးဖြစ်ကြောင်း သိရပါတယ်။ အခုချိန်မှာ မအိဟာ  ပန်းချီအနုပညာကို သင်နေတော့ သူ့ ခင်ပွန်း ဝတ်ဆင်တဲ့ အင်္ကျီများပေါ် မှာ ပန်းချီဒီဇိုင်းများဖော်ပြဖြစ်နေသူ ပါ။ သူ့ခင်ပွန်းနဲ့ပတ်သက်ပြီး ”သူက ဂီတကိုပဲ စိတ်ဝင်စားတယ်၊ ဖက်ရှင် တွေကို စိတ်မဝင်စားဘူး သီချင်းဆို တဲ့အခါ လွတ်လွတ်လပ်လပ် ဖြစ်တဲ့ အဝတ်အစားကိုပဲ နှစ်သက်တယ်၊ သူက တော်ရုံတန်ရုံနဲ့ ဖက်ရှင်လို ပြောင်းလဲပေးလို့ သိပ်မလွယ်ဘူးလို့” ပြောပြခဲ့ပါ တယ်။ သူမအနေနဲ့ ဆိုရင်တော့ သူရဲ့ ခင်ပွန်းစတိုင်တစ် ခုနဲ့ ဖက်ရှင်ဖြစ်စေချင်တဲ့သူပါ။ မကြာခင်မှာ ကျင်းပမည့် သူရဲ့ အမျိုးသားရဲ့ one man Show အတွက် ဖက်ရှင်တစ်ခု ဖြစ်အောင် ဆင်ပေးချင်လို့ ကြိုးစားပြီးတိုက် တွန်းရမယ်လို့ ပြောပြသွားခဲ့ပါ တယ်။
မိသားစု အားလုံး ဖက်ရှင်ကျ ကျ စတိုင်လှလှနဲ့ သာယာလှပသော ခရီးလမ်းကို ပျော်ရွှင်စွာလျှောက် လှမ်းနိုင်ကြပါစေ….

 

Author : အေးနွယ်လှိုင်
Source : .Myanmar.Mmtimes

 


blog comments powered by Disqus