ချစ်လို့ ဆိုတဲ့ တစ်ကိုယ်တော်ခွေကို ထွက်ရှိထားတဲ့ အဆိုတော်မလေး ပုံ့ပုံ့နဲ့ပရိသတ်ကို POP သီချင်း တွေနဲ့ ဖမ်းစားလာတဲ့သူ၊ပရိသတ်အများစုရဲ့ ရင်ဘတ်တွေကို စကားလုံးတွေနဲ့  ထိမှန်အောင် ရေးစပ် နိုင်သူ အဆိုတော်ဟဲလေးတို့ ရဲ့ Fashion နဲ့  Question ကို ဒီတစ်လမှာ ဆက် ခံစားပေးစေချင်ပါတယ်။
ဟဲလေး။ ။ ပို့ပို့နဲ့ အစ်ကိုနဲ့ ခင်လာတာအခုဆို၉ နှစ်လောက်တောင်ရှိပြီနော်။
ပို့ပို့။ ။ ဟုတ်တယ်နော် အစ်ကို။ အစ်ကိုနဲ့ သမီးကို သမီးရဲ့ဦးလေး ဦးသဲ(ဖိုးသဲ)က မိတ်ဆက်ပေးတာနော်။ အဲဒီတုန်းက ဦးသဲယူလာတဲ့ အစ်ကို့ရဲ့ပိုစတာလေးက အပေါင်း၊ အနုတ်၊ အမြှောက်၊အစားပုံတွေနော်။ အဲဒါ ဘယ်သူ့ အိုင်ဒီယာလဲ။
ဟဲလေး။ ။ အဲဒါ ကိုစိုးနိုင်ထွန်းလုပ်ပေးတာ။
ပို့ပို့။ ။ အဲဒီတုန်းကအစ်ကိုတို့အဖွဲ့ (Teen) ကသီချင်းတွေ အကုန်လုံးက Lazy Club နဲ့ တီးတာလား။ နောက်မေးချင်တာက သီချင်းကို Bandနဲ့ တီးတာနဲ့ ကွန်ပျူတာနဲ့ တီးတာမှာ ဘယ်ဟာပိုအားသာလဲ။
ဟဲလေး။ ။ အဲဒါကတော့ လိုက်ဖက်ရာပါပဲ။အဲဒီတုန်းက ဂီတပုံစံကတော့ Lazy Club တီးပေးတာ အကောင်းဆုံး၊ အလိုက်ဖက်ဆုံးပါပဲ။ ဘာလို့လဲဆိုတော့ pop သီချင်း လေး တွေဆိုတော့လေ။
ပို့ပို့။ ။ အဲဒီတုန်းကလည်း သီချင်းလေးတွေအရမ်းကောင်းတယ်။ နောက်ကျတော့ Teen အဖွဲ့က သတ်သတ်စီဖြစ်သွားတယ်။ အစ်ကိုက ဒီဂီတကို အားလုံးထက်ပိုပြီး အားစိုက်သွားတယ်နော်။
ဟဲလေး။ ။ အဲဒါကအားလုံးက အရွယ်ရောက်လာကြတော့သူ့အလုပ်နဲ့သူ သတ်သတ်ဖြစ်သွားကြတယ်။အစ်ကိုကလည်း ဒီဂီတအလုပ်ကို အသက်မွေးဝမ်းကြောင်း အရရော၊ဝါသနာအရရော ရွေးလိုက်တော့ ပိုပြီး အားစိုက် ဖြစ်သွားတာပါ။တခြားသူတွေကလည်းသူ့အလုပ်ထဲသူ ရောက်ကုန်ကြတော့ အဖွဲ့လိုက်မဆို ဖြစ်တာပါ။ အရင်တုန်းကလည်း ပို့ပို့က အဖွဲ့လေးရှိခဲ့တယ်နော်။ အစ်ကိုတို့တောင် သီချင်းတွေ ရေးပေးခဲ့ရသေးတယ်။
ပို့ပို့။ ။ သမီးတို့အဖွဲ့က Spy-m အဖွဲ့လေးလေ။အစ်ကိုပြောသလိုပါပဲ။ တစ်ယောက်ကအိမ်ထောင်ကျသွားတယ်။ ကလေးတောင်နှစ်ယောက်ရနေပြီ။နောက် တစ် ယောက်ကလည်း သူ့အလုပ်နဲ့သူဖြစ်နေပြီဆိုတော့ ပို့ပို့ပဲကျန်တော့ တယ်လေ။ ပို့ပို့တို့အဖွဲ့က ကွဲသွားတာမဟုတ်ဘူး။ သူ့ဟာသူအလုပ်တွေနဲ့ဆိုတော့ မလုပ် ဖြစ် ကြတာပါ။ အဲဒီ Spy-mတုန်းကအစ်ကိုရေးထားပေးတဲ့ နာရီသံချက်ချက်တောင် အခုသမီးတို့ sister six ထဲမှာ ထည့်ထားသေးတယ်။ အမှတ်တရ အနေနဲ့ပေါ့။
အစ်ကိှု့Single Album ထွက်လာတဲ့အခါမှာ ဘယ်လိုစိတ်ခံစားမှုတွေဖြစ်လဲ။
ဟဲလေး။ ။ လုပ်ချင်တာလုပ်ခွင့်ရတဲ့အတွက်ကျေနပ်ပါတယ်။ အချိန်၊ငွေအနုပညာအများကြီး ရင်းနှီးမြှုပ်နှံရတယ်။ အဲဒီမှာ ခွေကိုရောင်းရလို့ရတဲ့ငွေကြေးထက် ကိုယ့်သီချင်းအနုပညာတွေပရိသတ်ကြိုက်တယ်ဆိုရင်ပိုပြီးကျေနပ်တယ်။ ဂုဏ်ယူရပါတယ်။ ပို့ပို့ကကိုယ့်အခွေကိုပရိုဂျူဆာလုပ်ပြီး ထုတ်သလို သူများအခွေကိုရော ပရိုဂျူဆာလုပ်ပြီးထုတ်ပေးဖို့ရှိလား။
ပို့ပို့ ။ ။ တကယ်တော့ သမီးလမ်းကြောင်းက နှစ်ခွဖြစ်နေတယ်။တစ်ဖက်က အနုပညာလမ်းပေါ့။ကိုယ့်ဟာကိုယ်ဆိုတော့ အနုပညာပဲကျန်အောင်လုပ်ချင်တယ်။ သူများကိုပရိုဂျူဆာလုပ်မယ်ဆိုရင်တော့ စီးပွားရေးသဘော ဖြစ်ပြီးကျန်စေချင်တယ်။တစ်ခါတစ်ရံတော့ အတွဲခွေထုတ်ရင်ကောင်းမလားလို့စဉ်းစားမိတယ်။ ပြီးတော့
ညီမအလုပ်က multimedia တတ်ထားတော့ ဗီဒီယို editing ၊ ဒီဇိုင်းdirecting တို့လုပ်ရင် ကောင်းမလားပေါ့။ ပိုးကမသေဘူးလေ။ အစ်ကိုရော ဟိုအရင်နဲ့အခု music ကြိုက်တဲ့ပုံတွေကွဲပြားလာလား။
ဟဲလေး။ ။ ကွဲတော့ကွဲလာပါတယ်။ နည်းနည်းပေါ့။ ဘယ်လိုပြောမလဲ။ pop ,R & B ဒီလိုင်းထဲကပဲ အခုနောက်ပိုင်းကျတော့ music တွေကဒီအပေါ်မှာ နွှယ်ပြီး ပြောင်းလဲတာတွေရှိလာတယ်လေ။ ရိုက်ကူးပုံဖော်တာကအစပြောင်းလာ တယ်လေ။ ပို့ပို့အလုပ်နဲ့ ဆက်နွှယ်မှုရှိပါတယ်။ ဒါကို ရေရှည်လုပ်ရင်အောင်မြင်နိုင်ပါတယ်။
ပို့ပို့။ ။ ဒါကတော့ ကြိုးစားနေရတာပါပဲ အစ်ကိုရယ်။
ဟဲလေး။ ။ အစ်ကိုကတော့အိမ်ထောင်နဲ့ မိသားစုလေးရှိနေပြီ။ ညီမလေးရော အိမ်ထောင်ရေးကို ဘယ်လို စဉ်းစားထားလဲ။
ပို့ပို့။ ။ မကြာမီလာမည်။ မမျှော်ပါနဲ့ပေါ့။ အခုချိန်မှာတော့၊ လုပ်ချင်တာတွေများနေတော့ ဘယ်က ဘယ်လိုစလုပ်ရမှန်း မသိသေးဘူး။ အိမ်ထောင်ရေးကိစ္စက
တော့ အဝေးကြီးလိုပါသေးတယ်။ နန်းဆုရတီစိုးလိုမေမေဆူလိမ့်မယ်ပေါ့။ နောက်အစ်ကိုနဲ့ ခင်လာတဲ့တစ်လျှောက်မှာTeen တုန်းကထက် ဟဲလေးတစ်ယောက် တည်းလုပ်နေတဲ့ အချိန်တွေမှာ ပိုပြီးတော့ ကြိုးစားတယ်။ အာရုံစိုက်လုပ်တာတွေကို သတိထားမိတယ်။ အဲဒါက ဘယ်လိုခံယူချက်ကြောင့်လဲ။
ဟဲလေး။ ။ ခုနက ပြောခဲ့သလိုပါပဲ။ ဒီလမ်းကြောင်းပေါ်မှာပဲ ရပ်တည်ချင်တဲ့သူဆိုတော့ကြိုးစားရတာပေါ့။ ပြီးတော့ နောက်ခံအသိုင်းအဝိုင်းကလည်း တောင့်တာ မဟုတ်တော့ ကိုယ်ကြိုးစားမှရပ်တည်နိုင်မှာလေ။ ငါလျှောက်တဲ့လမ်း ကြောင်းပေါ်မှာ အတိုင်းအတာတစ်ခုထိအောင် မြင်ရမယ်၊ ကိုယ်လုပ်တဲ့ အနုပညာက
ကောင်းသထက်ကောင်းနေရမယ်ဆိုတဲ့ ခံယူချက်တွေနဲ့ ကြိုးစားတာပါ။ ကိုယ့်ကြိုးစားမှုလျော့ရင်လည်း ပရိသတ်ကသိတယ်။ အားပေးတာလည်းလျော့သွားမှာပဲလေ။ အဲတော့ကိုယ့်အနုပညာကို Update လုပ်ရတယ်။ လေ့လာနေရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း refreshလုပ်ရပါတယ်။
ပို့ပို့။ ။ ဒါနဲ့ အစ်ကို့ Old Service မှာ ဗိုက်ကြီးသည်သီချင်းကို စပ်ပြီးရိုက်ဖြစ်တဲ့အကြောင်းလေး ပြောပြပါဦး။ အဲဒါကမိုက်တယ်။
ဟဲလေး။ ။အဲဒီတုန်းက Old Service VCDထဲမှာ Old Service (2) ဆိုပြီး လုပ်ထားတာ။ချစ်ငယ်နဲ့က အရင်တုန်းက ဗိုက်ကြီးသည်သီချင်းကရှိခဲ့တယ်လေ။ အဲဒီအချိန်မှာ အစ်ကို့အမျိုးသမီးကလည်း ကိုယ်ဝန်ဆောင်နေတဲ့အချိန်ဆိုတော့ အမှတ်တရလေးတစ်ခုအနေနဲ့စဉ်းစားပြီးဗီစီဒီရိုက်ဖို့ကို သီချင်းစရေးလိုက်
တာပါ။ အရင်တုန်းကဆို သီချင်းရေးပြီးမှ ဗီစီဒီကိုစဉ်းစား ရိုက်ကြတာလေ။ အဲဒါ ရိုက်ဖို့ ချစ်ငယ်တို့ကရော၊ ကိုဂျွန်လွင်ဆီကရော၊ တခြားသူငယ်ချင်းတွေက အကူအညီပေးကြလို့ အဲလိုပရိသတ်က အားပေးတာပါ။
ပို့ပို့။ ။ အဲဒါမျိုးလေးတွေကို အစ်ကိုအမြဲလုပ်တတ်တယ်နော်။ ဟဲလေးစတိုင်လ်မျိုးလေးတောင်ဖြစ်နေပြီ။ ဒါနဲ့ အစ်ကိုကြော်ငြာတွေလည်းရိုက်နေတော့၊ မင်းသားလိုသရုပ်ဆောင်လုပ်ဖို့ရှိလား။
ဟဲလေး။ ။ ကြော်ငာကတော့  အစ်ကိုနဲ့ လိုက်ဖက်တဲ့ဟာဆိုရင် ရိုက်ဖို့ရှိပါတယ်။ မင်းသားလုပ်ဖို့တော့ မရှိပါဘူး။ ညီမလေးက အနုပညာနဲ့ပညာရေးဘက်ကို ဘယ်လိုမျှပြီးလုပ်လဲ။
ပို့ပို့။ ။ အဒဲါက ယောက်ျားလေးန့ဲ မိန်းကလေးအနုပညာလုပ်နိုင်တဲ့ သက်တမ်း၊ လုပ်နိုင်မှုချင်းတွေကွာတယ်ထင်တယ်။ ပြီးတော့ မိဘတွေကခွင့်ပြုတာချင်းလည်း ကွာတယ်လို့ထင်တယ်။ပထမတုန်းက လုပ်ခိုင်းတယ်။ ညီမလေးဝါသနာအရပေါ့။ နောက်တော့ ကိုယ့်ဘဝအတွက် နိုင်ငံခြားကို ကျောင်းသွားတက်ခိုင်းတယ်။ အဲဒီ မှာလည်းငွေတွေက ရင်းနှီးမြှုပ်နှံလိုက်ရပြီလေ။ အနုပညာနဲ့လည်း အဆက်ပြတ်သွားတယ်။ ပြန်လာပြီးတော့ ကိုယ်တက်ခဲ့တဲ့ပညာနဲ့ ဘာမှပြန်မလုပ်ဘူးဆိုရင်
အလကားဖြစ်နေမှာပေါ့။ နောက် အသက်ကလည်း ကြီးကြီးလာမှာဆိုတော့ တစ်သက်လုံးအတွက် လုပ်ငန်းတစ်ခုအနေနဲ့ ဒီပညာရေးလုပ်ငန်းကို ရွေးလိုက်တာပါ။ ဝါသနာကျတော့လည်း တားမရတော့ ဒီအနုပညာကိုလုပ်ဖြစ်တာပါ။ မျှပြီးတော့ လုပ်တာပေါ့။စီးပွားရေးကစီးပွားရေးပဲလုပ်ပြီး အနုပညာမှာကတော့ ငွေကြေး အကျိုး မြတ် သိပ်မလိုဘူး။အနုပညာပဲ အားစိုက်စဉ်းစားပြီး လုပ်ချင်တယ်။ အနုပညာပဲ ကျန်ချင်တယ်။ ဒါနဲ့အစ်ကိုအဖွဲ့လေးဘာလေး ထပ်လုပ်ဖို့ရှိလား။သမီးတို့ sister six လိုပေါ့။ နောက်တစ်ယောက်တည်းဆိုရတာ ကြိုက်လား၊ အဖွဲ့လိုက် ဆိုရတာကြိုက်လား။
ဟဲလေး။ ။ အဖွဲ့အနေနဲ့တော့ မဟုတ်ဘူး။ကိုယ့်ရဲ့သူငယ်ချင်းတွေနဲ့ သီးသန့်အခွေလေးလုပ်ဖို့တော့စဉ်းစားထားပါတယ်။ အဖွဲ့လိုက်ဆိုရတာလည်း တစ်မျိုး၊ တစ်ယောက်တည်းဆိုရတာလည်းတစ်မျိုးပေါ့။ တစ်ယောက်တည်း ဆိုရတာကပိုပြီး လွတ်လပ်တယ်။ညီမလေးရော sister six ပြီးသွားရင် ဘာထပ်လုပ်ဖို့ရှိလဲ။
ပို့ပို့။ ။အဲဒါပြီးရင်တော့ နောက်ထပ် single ထပ်လုပ်ဖို့ရှိတယ်။ အမေကြားရင်တော့အဆူခံရတော့မယ်။
ဟဲလေး။ ။အခုနောက်ပိုင်း ပို့ပို့  က အိုက်တင်တွေ ကောင်းနေတယ်။ ဓာတ်ပုံရိုက်တာရော၊ဗီစီဒီထဲမှာရော၊ မင်းသမီးများလုပ်ဖို့ရှိနေလား။ ကျင့်နေတာလား။
ပို့ပို့။ ။ ဟားဟားအဲလိုအိုက်တင်ကျင့်နေတာတော့ မရှိဘူး။ ဒါပေမဲ့ ကိုညိုမင်းလွင်နဲ့တော့ ကားရိုက်ထားတာတော့ ရှိတယ်။ သူငယ်ချင်းတွေ အကူအညီတောင်း
တဲ့ ကြော်ငြာလေးတွေတော့ ရိုက်ထားတယ်။အဲလောက်ပဲကိုယ်နဲ့အဆင်ပြေ မယ့်ဟာမျိုးလောက်ပဲ။ လုံးဝသရုပ်ဆောင်ကြီးတော့မလုပ်ချင်ဘူး။ သီချင်းပေါ်မှာပဲ Base လုပ်ပြီး လုပ်ရတဲ့ဟာမျိုးပဲလုပ်ချင်တယ်။ လုံးဝသရုပ်ဆောင် professional တော့ ဝါသနာမပါဘူး။ ဖြစ်နိုင်မယ်လည်း မထင်ဘူး။ ကိုယ့်ကိုယ်ကိုယ်သိတယ်။ ဓာတ်ပုံရိုက်ရတာတော့ကြိုက်တယ်။
ဟဲလေး။ ။ ကောင်း ပါတယ။် ပို့ပို့ အနုပညာပဲ လုပ်လုပ်၊ ပညာရေး၊ စီးပွားရေးပဲလုပ်လုပ်အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။
ပို့ပို့။ ။အစ်ကိုက အောင်မြင်နေပြီးသားဆိုတော့ ပြောစရာမလိုဘူး။ အခုသားတစ်ယောက်ရပြီဆိုတော့နောက်သမီးတစ်ယောက်၊နောက် ထပ်သားတစ်ယောက် မွေးပြီးတော့ဘောလုံးတစ်သင်းစာရပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။ အစ်မက ကလေးအများကြီးမွေးအောင်ဆုတောင်းပေးလို့ နှိပ်စက်နေတယ်လို့ထင်ဦးမယ်။
ဟဲလေး။ ။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။
Author : အေးနွယ်လှိုင်
Source : Yatimagazine