မမြရွှေဝါ ဦးစီးတဲ့ Myanmar Model Management က မတ်လ ၃၁ ရက်နေ့ဆီဒိုးနားဟိုတယ်မှာ စီစဉ်ကျင်းပတဲ့ Manhunt 2011 ပြိုင်ပွဲကြီး မှာ ၂၀၁၁ ခုနှစ်အတွက် အမျိုးသားမော်ဒယ်ဆု (Man of theYear 2011) ကို မျက်နှာ သစ်မော်ဒယ်တစ်ဦး ဖြစ်တဲ့ အသက် ၂၀ အရွယ် ကောင်းထက်ဇော်က ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲအတွက် လာရောက်ပြိုင်ပွဲ ၀င်ကြတဲ့သူတွေထဲက ရွေးချယ်ထား တဲ့ ဆန်ခါတင်အယောက် ၃၀ ကို နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးရဲ့ ပထမ အဆင့်မှာအားကစားဝတ်စုံ၊ ညနေခင်း ၀တ်စုံတွေနဲ့ ပြိုင်ပွဲဝင်စေပြီး အဲဒီ ထဲကမှ ဒုတိယအဆင့်အနေနဲ့ ၁၂ ယောက်ကို ရွေးချယ်ခဲ့ပါတယ်။
.gif)
တခြားဆုတွေနဲ့ titleဆု ငါးဆုကိုပေးပြီးတဲ့နောက် ဒီထဲကမှ ငါးယောက် ကို ထပ်မံရွေးချယ်ပြီး ရွေးချယ်ခံရတဲ့ ပြိုင်ပွဲ ၀င်တွေက မိမိရဲ့ ကိုယ်ရည် ကိုယ်သွေးကိုထုတ်ဖော်ပြနိုင်တဲ့ တင်ဆက်မှုတစ်ခုနဲ့တင်ဆက်ရပါတယ်။သီချင်းဆိုတာ၊ ဂျူဒိုကစားတာ၊ ကပြ တာတွေနဲ့ အသီးသီး ကိုယ်ရည် သွေးပြ တင်ဆက်အပြီးမှာ ပြိုင်ပွဲရဲ့ 1st Runner Up ကို ရန်နောင်ဇော်၊ 2nd Runner Up ကို စိုင်းစီတွမ်ခမ်းတို့က ရရှိခဲ့ပြီး ဒိုးလုံးရဲ့ 'ကြင်နာလို့ ချစ်ပါရစေ'သီချင်းနဲ့ကိုယ်ရည်သွေးပြခဲ့တဲ့ ကောင်းထက်ဇော်ကဆုကြေး ငွေ ၁၀ သိန်း ချီးမြှင့်တဲ့ Man of the Year 2011 ဆုကို ရရှိခဲ့ပါတယ်။
အမျိုးသမီးမော်ဒယ်ရွေးပွဲတွေနဲ့အမျိုးသားရော၊ အမျိုးသမီးပါ ရွေးချယ်
တဲ့ ပြိုင်ပွဲတွေကို အများဆုံးကျင်းပတတ် ကြပေမယ့် ခုလို အမျိုးသားသီးသန့်ပြိုင်ပွဲ ကျင်းပတာမျိုးက အတော်လေးကိုရှားတာကြောင့် မော်ဒယ်ရွေးပွဲကြည့် ပရိသတ်အတွက် ရသသစ်တစ်မျိုးတော့ ရရှိခဲ့ပါတယ်။
မျှော်လင့်ထားတာထက်ပိုပြီး ပြိုင်ပွဲအတွေ့အကြုံရှိပြီးသားသူတွေ ၀င်ပြိုင်သလိုအသစ်တွေလည်း ထပ်မံတွေ့ရတာကြောင့် အမျိုးသား မော်ဒယ်အဖြစ် လူတွေစိတ်ဝင်စားမှုပိုလာတာကို တွေ့ ရပါတယ်။ ဒါပေမယ့် အရည်အချင်းပြည့်မီတဲ့သူက တစ်ဝက်လောက်သာ ပါဝင် ပါတယ်။
ဒါကြောင့်လည်း ပြိုင်ပွဲစီစဉ်မှုနဲ့ တင် ဆက်ပုံ ကောင်းမွန်ပေမယ့် ဘယ်သူရ မယ်ဆိုတာကို အတတ်ခန့်မှန်းနိုင်သလို မျိုး ဖြစ်ခဲ့တာ ကြောင့် အမျိုးသားမော်ဒယ် တွေရဲ့အခန်းကဏ္ဍ တိုးတက်ဖို့က အရှိန် ယူနေဆဲပဲလို့ မြင်မိပါတယ်။
ဒီပွဲက Myanmar Model Manage-ment က စီစဉ်ကျင်းပတဲ့ ပထမဆုံး မော်ဒယ်ပြိုင်ပွဲဖြစ်သလို ၂၀၁၁ ခုနှစ်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ အမျိုးသား သီးသန့်မော်ဒယ်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။
နောက်နှစ်တွေမှာလည်း ထပ်မံကျင်း ပသွားဦးမယ်လို့ Myanmar Model Manage-ment မှ ကိုဌေးမင်းထွန်းက ပြောခဲ့ပါတယ်။
ဒီပြိုင်ပွဲရဲ့ဒိုင်လူကြီးတွေအဖြစ် ရန်အောင်၊ စိုးမြတ်သူဇာ၊ကိုတယ်ရီတန်၊ မိုးကုတ်ပေါက်ပေါက်၊ မမြစိမ်းရည်၊ မခင်သက်နိုင်နဲ့ အန်တီ ဂျစ်တူးတို့က ဆောင်ရွက်ပေးခဲ့ကြပါတယ်။
Author : ရတနာထွန်း
Source : Myanmar.Mmtimes