May Myanmar Ahla

၂ဝ၁၁ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့တွင် ကျ ရောက်မည့်’မြန်မာအမျိုးသမီးများနေ့’အထိမ်း အမှတ်အဖြစ် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသ ကြီး အမျိုးသမီးရေးရာ အဖွဲ့က စီစဉ်တင်ဆက် သော ”မြတ်နိုးဖွယ်ရာ မေမြန်မာ ဆင်ယင် ခြယ်သသုံးရာသီအလှ” ဝတ်စား ဆင် ယင်ထုံး ဖွဲ့မှုပြပွဲကို ယခင်နှစ်များကဲ့သို့ ကျင်းပမည် ဖြစ်ပါသည်။


ဒါရိုက်တာမောင်သီ စီစဉ် တင်ဆက် ၍ မို့မို့မြင့်အောင်၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ မြတ် ကေသီအောင်၊ မျိုးသန္တာထွန်း၊ မေသဉ္ဇာဦး၊ စိုးမိုးကြည်၊ ခိုင်သင်းကြည်၊ လင်းဇာနည်ဇော်၊ စုလှိုင်နှင်း၊ ရတနာခင်၊ ခိုင်နှင်းဝေ၊ မျိုးစန္ဒီ ကျော်၊ မိုးပြည့်ပြည့်မောင်၊ ဂန္ထဝင်၊ ချော ရတနာ၊ ပုလဲဝင်း၊ သဇင်၊ နန်းဆုရတီစိုး၊ အေးမြတ်သူ၊ စိုးပြည့်သဇင်၊ မိုးယုစံ၊မေသက် ခိုင်၊ ဂျင်းနီ၊ ဝတ်မှုံရွှေရည်၊ ဇူဇူးမောင်၊ ခင်မို့ မို့အေး၊ ဒေါ်နွဲ့နွဲ့စန်း၊ ဝါဆိုမိုးဦး၊ နေခြည်လင်းလဲ့၊ သီရိရှင်း သန့်၊ သက်သခင်၊ မေဖြူဖြူ၊ သန္တာဗို၊ မြနှင်းရည်လွင်နှင့် တင်မိုးလွင်ဦး ဆောင်သော(Talents & Models Agency)မှ မော်ဒယ်သရုပ်ဆောင်များ၊ ဆံကေသာ၊  အလှပြ သမီးပျိုလေးများဖြင့် ဒီဇိုင်နာ လတ် လတ်၊ Euphoria ၊ မပုံ့၊ စုစုဝေ၊ အမြတ်တနိုး၊ သက်ဝင့်စု၊ မေမြတ်ဝါဆို၊ ညိုမာသန့်တို့၏ ဝတ်စုံဒီဇိုင်းများ၊ မိတ်ကပ် ခင်စန်းဝင်း က အလှ ဖန်တီးပြီး တစ်ခန်းရပ်ပြဇာတ်နှင့် သုံးရာသီ ဖက်ရှင်ရှိုး၊ ဖိုးချစ်၊ ဟန်ဇာ မိုးဝင်း၊ စွမ်းဇာနည် တို့၏သုံးပါးပြိုင်အက၊ယဉ်ကျေးမှုတက္ကသိုလ်၊ သမီးပျိုလေးများ၏ ကောက်စိုက်ယိမ်း၊ ဆီးမီး ခွက်ယိမ်း၊ပုဂံယိမ်းအကများ၊ အ.ထ.က (၂) စမ်းချောင်းမှ သမီးပျိုလေးများ၏ လက်ပံပွင့် ကောက်အကနှင့် နောင်နောင် (Sun Flower)စီစဉ်မှုဖြင့် ရာဇာဝင်းတင့်၊ ဘိုဘို၊ဘိုဖြူ၊ ဖြိုးကြီး ၊စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း(Example)၊ ထက်နေခြည်၊အောင်ခန့်၊သြရသ၊ကျော်သီဟ၊ ဖြိုးကျော် ထိုက်၊ ဟေမာ နေဝင်း၊ ဝိုင်းစုခိုင်သိန်း၊ ခွန်းဆင့်နေခြည်၊ ပန်းအိဖြူ၊ သီရိဆွေ၊ နီနီခင် ဇော်၊ ရတနာမိုင်၊ အေသင်ချိုဆွေ၊မို့မို့လွင်၊ ခိုင် သဇင်သင်း၊ ရွှေရွှေခိုင်တို့၏ သီဆိုဖျော်ဖြေမှု များ ပါဝင်ပါမည်။ ထို့အပြင် Five Star လူရွှင် တော်အဖွဲ့မှ တစ်ခန်း ရပ်ဟာသဇာတ်လမ်း  များဖြင့်လည်း တင်ဆက်ပြသမည်ဖြစ်သည်။

အဆိုပါပြပွဲကို ရန်ကုန်မြို့၊ ဦးဝိစာရ ရပ်ကွက်၊ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ ၂၅-၆-၂ဝ၁၁မှ ၂၆-၆-၂ဝ၁၁ ရက်နေ့များတွင် ညစဉ် ၆နာရီမှစ၍ ပြသ ဖျော်ဖြေမည်ဖြစ်ပြီး ဝင်ကြေးလက်မှတ် များကို ကျပ်၁ဝဝဝဝ၊ ကျပ်၇ဝဝဝ၊ ကျပ်၅ဝဝဝ နှင့် ကျပ်၃ဝဝဝ သတ်မှတ်ထားပါသည်။ လက် မှတ်များကို ၁၄-၆-၂ဝ၁၁ နေ့မှစတင်၍ အမျိုးသား ဇာတ်ရုံနှင့် Lucky Seven လက်ဖက်ရည်ဆိုင်ဆိုင်ခွဲများ (တာမွေ၊အလုံ၊ ၄၉ လမ်း၊ ရွှေဂုံတိုင်၊ မရမ်းကုန်း)ဆိုင်များတွင် စတင်ရောင်းချသွားမည်ဖြစ်ပါကြောင်း သိရှိ ရပါသည်။

 

Source : Popularmyanmarnews


blog comments powered by Disqus